Blogger Tips and TricksLatest Tips And TricksBlogger Tricks

Tuesday, February 11, 2014

• ခေးအော့သီဝရီ •

- နင်က..
မျက်တောင်လေးတစ်ချက် ခတ်လိုက်ရုံပါ
ငါ့မှာတော့ ကမ္ဘာပျက်သွားတယ်..။

ခေးအော့သီဝရီဆန်ဆန်
တန်ပြန်သက်ရောက်မှုပြင်းလွန်း
နူးညံ့စွာရက်စက်လွန်းသူ
မျက်ဝန်းတောင်ပံတစ်ချက်
မြန်မြန်ခတ်လိုက်စမ်းပါ ..

အချိန်ယန္တရားနဲ့အတူ
ဒီကာလကြီးက
လွန်မြောက်သွားရအောင်..။

စည်သူ

၁၁၊ ၂၊ ၁၄

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။