Pages
Saturday, November 29, 2014
ပယင်းရောင်ကိုက်ခဲခြင်း
--
စနေနေ့ညရဲ့
ပယင်းရောင်ကိုက်ခဲမှုထဲ
ငါ...
မြစ်တစ်စင်းနဲ့အတူမျောပါခဲ့..။
လူသားသိပ်ဆန်လွန်းသွားခဲ့သလား..
အရိပ်တွေဝိုးတ၀ါး
အချိန်မသိ..
နာရီမရှိ..
ကာရံမငြိတဲ့အသံတွေ..
ဟိုး.. ရင်ဘတ်
အနက်ရှိုင်းဆုံးထဲ
(အခုထိ) ရိုက်ခတ်နေတုန်း..။
တရှိုက်မက်မက်
ရင်ထဲမှာလှိုက်ခနဲ
ငါ.. ခံစားလိုက်ရသလား.
အဖြေတစ်ခု ဆုပ်ကိုင်ဖို့ကြိုးစားရင်း..
တစ်ခါတစ်လေ
မသိစိတ်နဲ့သိလိုက်ရ
တစ်ခါတစ်လေ
နှလုံးသားနဲ့ခံစားလိုက်ရ..။
သွားတွေတင်းတင်းစေ့ပြီး
ခပ်လေးလေး
ရေရွတ်လိုက်တဲ့ စကားသံတစ်ချို့
ဒါ.. ဘ၀ပဲတဲ့..။
ကဲ..
အစိမ်းရောင်လေးရေ..
ဖန်တရာထေနေတဲ့
စကားလေးတစ်ချို့ပဲပြန်ပြောပါ..။
နှလုံးသားဗလာနဲ့
အိမ်ပြန်မယ့်ကောင်အတွက်
အိပ်မက်တစ်ချို့
တစ်ညတာ လှသွားဖို့ပါ..။
စည်သူ
၂၉.၁၁.၂၀၁၄
Subscribe to:
Posts (Atom)
About Me
ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..
အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။