Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, February 15, 2015

အတ္တလက်စ်ရဲ့ညည်းချင်း



ညီမလေးရဲ့..
ကိုယ်ဟာ..
အချိန်မတိုင်ခင်
ရင့်မှည့်လိုက်ရသူ


မမျှော်လင့်ဘဲ
ကိုယ်ဝန်ဆောင်လိုက်ရတဲ့
အပျိုစင်တစ်ယောက်..


ဇာတ်တော်ထဲကလို
ဆူးခက်ကို ပန်းနွယ်အမှတ်နဲ့
ကိုယ့်ဟာကိုယ်ယူဆောင်းလိုက်တဲ့
လူမိုက်တစ်ယောက်..


ခုတော့.. ညီမလေးရယ်..
ကိုယ့်မှာ..
ညတိုင်းကြယ်တွေကြွေတယ်..


နမိတ်ပုံတွေ.. ညတိုင်း
ရင်ဘတ်ထဲကို တိုးတိုးဝင်
ဘ၀အဓိပ္ပာယ်ဆိုတာကို
လျှာပေါ်က ခါးသက်သက်နဲ့
ရောရောမျိုချ..


မရည်ရွယ်ခဲ့ပါဘူး..
ဒါပေမယ့်..
အစွယ်ထွက်လာမှ
ဘီလူးဘ၀ကို
လက်ခံလိုက်ရသူ..။


မခံစားနိုင်လည်း
အရှိကိုအရှိအတိုင်းလက်ခံ
ခံစားချက်တွေကို
ရေထဲမှာပဲ ဖောက်ခွဲ..။


နောက်ဆုံး
ပုခုံးပေါ်မှာ
တစောင်းတင်ထားတဲ့
ကမ္ဘာမြေကြီးကို
ဟောသလို.. အစိတ်စိတ်အမွှာမွှာ
ကိုင်ပေါက်.. ပစ်ခွဲ.. လိုက်..ချင်..ပါ..ပြီ..ကွယ်…။

စည်သူ
၁၅-၂-၂၀၁၅

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။