Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, November 2, 2015

ညီမလေးရဲ့.. ကိုယ်ဟာ
အချိန်မတိုင်ခင်
ရင့်မှည့်လိုက်ရသူ...
တစ်စုံတစ်ရာအတွက်
စတေးထားရင်း
မျှော်လင့်ချက်တွေ
အမှောင်ထုထဲ ကျကွဲ
အထီးကျန်ခြင်းသာ
ကိုယ့်ဘ၀ဖြစ်တယ်..။

အမှောင်ခန်းထဲက
တိတ်ဆိတ်နေတဲ့စားပွဲလေးမှာထိုင်
ဆိတ်ငြိမ်စီးမျောခြင်းတွေသာ
ကိုယ့်အဖော်မွန်ဖြစ်တယ်။

ချစ်ခြင်း၊ မုန်းခြင်း၊ နာကျင်ခြင်း
ဝေဒနာအားလုံးနဲ့ကင်းပြတ်
မခံစားတတ်တဲ့ကိုယ် ဖြစ်လိုတယ်။

-ဖိုးစည်

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။