မင်းကောင်းဖို့
ငါဆိုးပေးပါ့မယ်..
ဒီဇာတ်မှာ ငါကဗီလိန်။
မင်းကိုသနားကြ..
မင်းကိုချစ်ကြ..
မင်းအတွက် လက်ခုပ်တွေတီးကြ..
ငါက..
စင်ထောင့်က အမှောင်ထဲမှာပါ..
ငါငိုနေတယ်၊
ဘီလူးမျက်နှာဖုံးနောက်က
ငါ့မျက်ရည်..
ဘယ်သူသနားမှာလဲ..
ငါ့တစ်သက်လုံး
မမေ့နိုင်တော့မယ့်
ဒီအကြည့်တွေ၊
ဒီအပြောတွေနဲ့
ငါ့နှလုံးသားကို
ဝိုင်းပြီးနင်းချေကြ..
ဇာတ်သိမ်းလို့ မင်းမသတ်ခင်က
ငါသေခဲ့ပြီးသားပါ..။
ငိုမနေပါနဲ့..
အဲဒီမျက်ရည်တွေ
ဓားဦးချွန်ချွန်နဲ့ထိုးသလို
ငါ့ရင်ဘတ်မှာနာတယ်..။
နောက်ဆုံး..
ဘီလူးတစ်ကောင်အတွက်
လက်ခုပ်သံမရှိဘူးဆိုတာ
ကိုယ်တိုင်သိလိုက်ရ၊
တစ်ချိန်တည်းမှာပဲ
သင်းတို့လက်ချက်နဲ့
ငါ့နှလုံးသားခမျာ
သွေးစိမ်းရှင်ရှင်တွေစီးကျလို့ ..။
စည်သူ
၁၀၊ ၁၊ ၂၀၁၄
see my facebook ◄ https://www.facebook.com/bohemiansithu►
Pages
Subscribe to:
Post Comments (Atom)
About Me
ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..
အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။

No comments:
Post a Comment