Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 4, 2013

မျက်ရည်အမိန့်တော်

မိုးရွာတာမဟုတ်ဘူး
ငိုနေတာ..။

(ငါရဲ့)
ခံစားချက်
မျှော်လင့်ချက်
အခိုးအငွေ့တွေပါကွယ့်..။

ကောင်းကင်ထက်
ငွေ့ရည်ဖွဲ့ပြီး
ရွာပလိုက်တာ..။

ငိုကြွေးခြင်းနဲ့စတင်ခဲ့တဲ့လူ့ဘဝ
မြေကြီးထဲမရောက်ခင်စပ်ကြား
အားပါးတရ ငိုလိုက်ဦး..။

ကျရှုံးလို့ ..........ဆိုဆို
မုန်းတီးလို့ ........ငိုငို
ဟန်ဆောင်ပဲ.....ပိုပို
ချစ်လို့ .... ပစ်လို့
ခွဲခွာလို့ ... နာကျင်လို့
ဘယ်လိုပင်ဆိုစေတော့

သူတို့တွေ၏
တစ်ခုတည်းသောရလဒ်
(သည်) မျက်ရည်စက်ကလေး
ပါးပြင်ထက်..
လွတ်လပ်စွာ သက်ဆင်းစေ..။

စည်သူ
၅၊မေ၊၂၀၁၀

No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။