Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, February 7, 2013

''ဖွင့်ပြောမယ့်တစ်နေ့''





တိတ်တဆိတ်ကောင်းကင်ထဲ
ချဉ်းနင်းဝင်ရောက်
ကြေကွဲတိမ်တွေအောက်က
ဟောသည့်ရင်ကို လာလာဖောက်ထွင်း
နှင်းဆီပန်းတစ်ပွင့် လွှင့်ထူပေးသွားတယ်..။
ဘယ်သူ့အပြစ်မှမရှိဘူး 


ကိုယ့်ဘာသာအရူးထခဲ့တာ
(အပြစ်တင်ချင်တင်ကြတော့..)
ဘယ်သူ့ပယောဂမှမပါ
တိတ်တဆိတ် ကိုယ့်ဘာသာ
နှင်းဆီရေယဉ်ကြောမှာ မျောသွားခဲ့တာ..


ကိုယ့်ကိုယ်ကို ဆွဲထူဖို့သတိမရ
ဖွင့်ဟပြောဖို့လည်း စိတ်မကူး
ရူးသွပ်ချင်တိုင်းရူး
ယစ်မူးနေရင်း
ခွဲရခနီးဆိုတော့ကာမှ
အလန့်တကြားနိုးထ..၊
  

ဟော..
နှင်းဆီရှင်ရေ..
ငါ့မှာ .. ကိုယ့်ဘာသာအပြစ်တွေတင်ရင်း
လွမ်းချင်းတွေညည်း
သောကမီးတွေနဲ့ အတိပြီးလို့ပေါ့
  

ဆုံဆည်းခွင့်ရမည့်တစ်နေ့မှာ
နှင်းဆီပွင့်တို့ဝေ..
ဘယ်တော့မှမကြွေစတမ်း
အတူတူ နမ်းရှိုက်ကြစို့ရဲ့...။
  

စည်သူ
၂၈၊ စက်တင်ဘာ၊ ၀၉

နင်ရယ်ငါရယ် လောကရယ် လောကရယ် နင်ရယ်ငါရယ်



ရောမမြို့ကို တစ်ရက်ထဲနဲ့ဆောက်ခဲ့တာမဟုတ်သလို

တစ်ရက်ထဲနဲ့လည်းဖြိုဖျက်လို့မရခဲ့ဘူး..။

အနှုတ်အသိမ်း

လိမ်လိမ်မာမာ….ပါးပါးနပ်နပ်

သပ်သပ်ရပ်ရပ်..။


စဉ်းစားလို့မရခဲ့တာ

ဘာကြောင့် န,လပိန်းတွေ တုံးနေခဲ့ကြသလဲ။


ဝေဒနာရှင်ရယ်

အလွမ်းသံစဉ်ရယ်

မြစ်ကမ်းနံဘေးထိုင်

မြစ်ထဲကို ..ခံစားချက်တွေအန်အန်ချ

မြစ်ညာတစ်လျှောက် ခံစားချက်တွေ ပျ့တော့တယ်..။


ခံစားချက်တွေမှာ

ဟို…အရည်တွေမစွက်

အလိမ်အညာတွေလည်းမဖက်တဲ့အတွက်

ဖြူစင်နေတော့တယ်….။


မင်းဘယ်သူ

ငါဘယ်သူအချိန်ကတည်းက

ဒီသံယောဇဉ်

အားနာတတ်ရင် သေလို့တောင်ရ

နောက်ကျောကိုဓားနဲ့ထိုးခံရချိန်မှာ

ခါးသီးကြေမွသွားတော့တယ်….။


နင်ရယ်  ငါရယ်  လောကရယ်

လောကရယ်  ငါရယ်  နင်ရယ်

တစ်ဖက်ကိုတစ်ဖက် ယုံကြည်

ချစ်ခြင်းတွေပုံအော

မေတ္တာတွေများ ဖွဲ့သီတတ်ကြရင်..


နင်ရယ် ငါရယ် လောကရယ်

လောကရယ် ငါရယ် နင်ရယ်……။

                                        စည်သူ
                                        ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၁၃


Saturday, February 2, 2013

ကောင်လေးအတွက်

ချစ်တာကောင်းတယ်တဲ့

ငါကတော့

မချစ်တတ်အောင်ကြိုးစားချင်တယ်

ဒီရင်မှာဝေဒနာတွေ တိုးလွန်းလို့

လွမ်းတာကောင်းတယ်တဲ့

ငါကတော့

မလွမ်းတတ်အောင်ကြိုးစားချင်တယ်

နေရာတိုင်းမှာ မင်းကိုရှာဖွေမိလို့

ပွေ့ဖက်တာကောင်းတယ်တဲ့

ငါကတော့

မပွေ့ဖက်တတ်အောင်ကြိုးစားချင်တယ

အေးစက်တဲ့ မင်းရဲ့လက်အစုံနဲ့ ထိတွေ့မိမှာစိုးလို့

ဒါပေမယ့်

ကောင်လေးရယ်

ငါမင်းကိုလွမ်းတယ်

မင်းကိုငါဖက်ထားချင်တယ်

မျက်လုံးအစုံကိုမှိတ်

မနက်ဖြန်ရဲ့နေရောင်ခြည်

မထိတွေ့ခင်ထိပေါ့......။
                               နိုင်းနိုင်းစနေ
                                ဖေဖော်ဝါရီ ၃၊ ၂၀၁၃
 http://the-arty-emo.deviantart.com/art/Sleep-catch-up-feat-Jess-and-Leo-D-320674285

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။