Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 4, 2013

သစ္စာဖောက်

အေးအတူပူအမျှ
တူတကွလမ်းလျှောက်
အတော်လေးခရီးပေါက်ခဲ့ကာမှ
နောက်ကြောကိုဓားနဲ့ထိုးသတဲ့..။

မဆန်းပေမယ့်
မရိုးတဲ့ဇာတ်လမ်းအဖြစ်
သမိုင်းတွင်မကျန်ရစ်တောင်
ငါ့ရင်မှာတစ်ဆစ်ဆစ်..
ဘယ်တော့မှမေ့မပစ်ဘူး..။

မင်းအတွက်တော့ဘယ်လိုမှ
မထူးခြားခဲ့ပေမယ့်..
ငါ့မှာတော့မြေမှာလူး
ရူးခဲ့ရတယ် သူငယ်ချင်းရယ်..။

ဖြေနိုင်စရာမရှိ
သတိလွတ်ခိုက်တစ်ချက်မှာ
မင်းသတ်လို့ ငါသေခဲ့ရတယ်။

ဖြစ်သူအသစ်.. ပြုသူအဟောင်း
ပြန်ပြောင်းကာတွေးတိုင်း
ရင်ခွင်မှာလှိုင်းထ
အလှည့်ကျက မနွဲ့ကြစတမ်း
ငါပွင့်မယ့်ပန်းရိုင်း..
မင်းနမ်းကြည့်လိုက်..။

ရင်ခွင်မှာညို..
ငါ့ကမ္ဘာပြိုခဲ့တဲ့နေ့ကို
ငါ ဘယ်တော့မှမမေ့ဘူး..။

စည်သူ
၃၀၊စက်တင်ဘာ၊၂၀၀၉

No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။