Blogger Tips and TricksLatest Tips And TricksBlogger Tricks

Thursday, February 7, 2013

နင်ရယ်ငါရယ် လောကရယ် လောကရယ် နင်ရယ်ငါရယ်



ရောမမြို့ကို တစ်ရက်ထဲနဲ့ဆောက်ခဲ့တာမဟုတ်သလို

တစ်ရက်ထဲနဲ့လည်းဖြိုဖျက်လို့မရခဲ့ဘူး..။

အနှုတ်အသိမ်း

လိမ်လိမ်မာမာ….ပါးပါးနပ်နပ်

သပ်သပ်ရပ်ရပ်..။


စဉ်းစားလို့မရခဲ့တာ

ဘာကြောင့် န,လပိန်းတွေ တုံးနေခဲ့ကြသလဲ။


ဝေဒနာရှင်ရယ်

အလွမ်းသံစဉ်ရယ်

မြစ်ကမ်းနံဘေးထိုင်

မြစ်ထဲကို ..ခံစားချက်တွေအန်အန်ချ

မြစ်ညာတစ်လျှောက် ခံစားချက်တွေ ပျ့တော့တယ်..။


ခံစားချက်တွေမှာ

ဟို…အရည်တွေမစွက်

အလိမ်အညာတွေလည်းမဖက်တဲ့အတွက်

ဖြူစင်နေတော့တယ်….။


မင်းဘယ်သူ

ငါဘယ်သူအချိန်ကတည်းက

ဒီသံယောဇဉ်

အားနာတတ်ရင် သေလို့တောင်ရ

နောက်ကျောကိုဓားနဲ့ထိုးခံရချိန်မှာ

ခါးသီးကြေမွသွားတော့တယ်….။


နင်ရယ်  ငါရယ်  လောကရယ်

လောကရယ်  ငါရယ်  နင်ရယ်

တစ်ဖက်ကိုတစ်ဖက် ယုံကြည်

ချစ်ခြင်းတွေပုံအော

မေတ္တာတွေများ ဖွဲ့သီတတ်ကြရင်..


နင်ရယ် ငါရယ် လောကရယ်

လောကရယ် ငါရယ် နင်ရယ်……။

                                        စည်သူ
                                        ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၁၃


No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။