Blogger Tips and TricksLatest Tips And TricksBlogger Tricks

Wednesday, September 23, 2015

ဝမ်းနည်းချိန်

- ရုပ်ဝတ္ထုပစ္စည်းတွေနောက်လိုက်ရင်း
ရုပ်ဝါဒီတွေဖြစ်
မျက်နှာဖုံးစွပ်တွေနဲ့ပြုံးရင်း
ခံစားချက်တွေမဲ့လာ
ရယ်သံတွေခြောက်ကပ်လာ
အချိန်တွေ အကုန်မြန်လာ
အိပ်ယာနိုးချိန်က မနက်ဖြစ်ရင်း
နရီတွေမညီ
စည်းဝါးတွေ မကိုက်တော့ဘူး..။

- လက်ဖျစ်တစ်တွတ်အတွင်း
ကုဋေတစ်သိန်းပုံတစ်ပုံလေးမှာ
ချစ်ရသူတွေကို သတိရလာချိန်
အထီးကျန်ရကောင်းမှန်း
ဝမ်းနည်းရကောင်းမှန်းသိလာ..။

- ကမ္ဘာတစ်ခြမ်းက
လိပ်ပြာတောင်ပံခတ်သံကိုမျှော်
ကာလယန္တရားကြီးကိုမျှော်ရင်း
ကုန်သွားတဲ့အချိန်တွေအတွက်
တသနှမြောစိတ်က
ဖြေရင်းနဲ့မပြေတော့ဘူး..။

စည်သူ

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။