Pages
Thursday, February 7, 2013
''ဖွင့်ပြောမယ့်တစ်နေ့''
တိတ်တဆိတ်ကောင်းကင်ထဲ
ချဉ်းနင်းဝင်ရောက်
ကြေကွဲတိမ်တွေအောက်က
ဟောသည့်ရင်ကို လာလာဖောက်ထွင်း
နှင်းဆီပန်းတစ်ပွင့် လွှင့်ထူပေးသွားတယ်..။
ဘယ်သူ့အပြစ်မှမရှိဘူး
ကိုယ့်ဘာသာအရူးထခဲ့တာ
(အပြစ်တင်ချင်တင်ကြတော့..)
ဘယ်သူ့ပယောဂမှမပါ
တိတ်တဆိတ် ကိုယ့်ဘာသာ
နှင်းဆီရေယဉ်ကြောမှာ မျောသွားခဲ့တာ..
ကိုယ့်ကိုယ်ကို ဆွဲထူဖို့သတိမရ
ဖွင့်ဟပြောဖို့လည်း စိတ်မကူး
ရူးသွပ်ချင်တိုင်းရူး
ယစ်မူးနေရင်း
ခွဲရခါနီးဆိုတော့ကာမှ
အလန့်တကြားနိုးထ..၊
ဟော..
နှင်းဆီရှင်ရေ..
ငါ့မှာ .. ကိုယ့်ဘာသာအပြစ်တွေတင်ရင်း
လွမ်းချင်းတွေညည်း
သောကမီးတွေနဲ့ အတိပြီးလို့ပေါ့
ဆုံဆည်းခွင့်ရမည့်တစ်နေ့မှာ
နှင်းဆီပွင့်တို့ဝေ..
ဘယ်တော့မှမကြွေစတမ်း
အတူတူ နမ်းရှိုက်ကြစို့ရဲ့...။
စည်သူ
၂၈၊ စက်တင်ဘာ၊ ၀၉
Subscribe to:
Post Comments (Atom)
About Me
ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..
အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။

No comments:
Post a Comment