အစပြုကတည်းက
ဒီလိုတစ်နေ့
တွေ့လာလိမ့်မယ်ဆိုတာ
ကြိုသိပြီးသားပါ... သခင်။
ဒါပေမယ့်
မထင်မှတ်တဲ့ခဏ
ပျော်လို့တောင်မ၀သေးခင်
အရင်ဆုံးပြိုခဲ့တာ
ကျွန်တော့်ကမ္ဘာကြီးပါ။
ရင်အနာဆုံးက
သခင်ပျော်ရွှင်
အောင်ပွဲဆင်တဲ့နေ့
ကျွန်တော့်သေနေ့စေ့ခဲ့ရပြီ။
တရားသလား.. သခင်ရယ်..
သခင်ရယ်.. သခင့်မိသားစုရယ်
ပျော်ရွှင်တဲ့တဒင်္ဂ
ကျွန်တော့်ရင်.. ကွဲခဲ့ရတာလေ။
ကလေးတစ်ယောက်ကတော့
ပြောပါရဲ့..။
ကျွန်တော့်ကိုကြည့်ပြီး
သနားသတဲ့..။
ကျွန်တော့်အတွေး
မဆုံးသေးခင်
မြင်လိုက်ရတာ..
ကျွန်တော် မြင်လိုက်ရတာ..
အား.........
...........................
လက်ထဲမှာဓားကြီး
ကျွန်တော့်လည်ကိုလှီးပြီပေါ့။
ဒီခံစားချက်ဘယ်သူမှ
မှတ်ကျောက်တင်နိုင်ခဲ့ပုံမရ..
ဒါပေမယ့်
တစ်သက်မှာတစ်ခါ
ကြုံကောင်းလို့ကြုံလာမယ်ဆိုရင်တော့
ယုံကြလိမ့်မယ်ထင်တယ်..။
အသင်ကြုံမကြုံမသိ
ကျွန်တော်တော့ယုံလိုက်ပြီ..။
စည်သူ
၁၊ဇန်န၀ါရီ၊၂၀၁၀
No comments:
Post a Comment