Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 4, 2013

အတိတ်ရဲ့ရနံ့ဟောင်းများ

မတူးဆွချင်ဘူး
အတိတ်ကရနံ့
လွင့်ပျံ့တဲ့ဒဏ်ရာ
သည်မှာ ခံစားရခက်လှတယ်..။

         အမှတ်မထင်
         ပတ်ဝန်းကျင်အဟောင်းထဲလွင့်မိခိုက်
         အလစ်အငိုက်မိ
         ချောင်ပိတ်အဖိခံခဲ့ရ
         အတိတ်ကရနံ့
         လွင့်ပျံ့တဲ့ဒဏ်ရာ။

အတိတ်ကအဖြစ်အပျက်
ပြင်ဖို့ခက်လှတယ်..
ရာသီဆိုး..
ရင်ခွင်ကိုတိုးတဲ့နေ့
ဘယ်လိုမေ့ဖျောက်ပစ်ပါ့မလဲ
ရင်ခွင်မှာတစ်လှပ်လှပ်
အထပ်ထပ်တသသဖြစ်အောင်
တူးပဲတူးဆွနိုင်လွန်းတယ်..။
အတိတ်ကရနံ့
လွင့်ပျံ့တဲ့ဒဏ်ရာ..။

စည်သူ
၁၊နိုဝင်ဘာ၊၂၀၁၃


No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။