Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, March 4, 2013

မာနနံ့လှိုင်တဲ့ဝါးစိမ်းပင်

ရှာရခက်တဲ့မေတ္တာ
ငွေပေးဝယ်ရတဲ့စေတနာ
သုံးစားမရတဲ့ကျေးဇူးစကားတွေ..။

ခြုံငုံပြီးကြည့်ပေါ့
စေတနာဟာငါ့အတွက်
ရောင်ပြန်တော့မဟပ်
ပဲ့တင်ထပ်လာတဲ့အသံတွေချည်းလေ
မျက်ရည်နဲ့ဖြေမလား..။

မတန်တဆပေးဝယ်ရတဲ့ပစ္စည်းလို
တစ်နုံ့နုံ့ဒေါသတွေပိုရမလား
တစ်ဖြည်းဖြည်းသိလာသလိုပါလေ..

ငါဟာ..
သုညကြွင်းတဲ့တည်ကိန်းကွယ့်..
လေနှင်ရာယိမ်းရမဲ့ဝါးစိမ်းကွယ့်..
ကိုယ့်ဆန္ဒကိုယ်မပိုင်
မာနရနံ့တွေလှိုင်နေပေါ့လေ

မှန်ကင်းဖြစ်ရင်စံမယ်..
ထင်းဖြစ်ရင်လည်း
ပြာထဲကျန်ခဲ့ရတာပေါ့ကွယ်..။

ယုံကြည်ချက်.. မျှော်လင့်ချက်
အသွေးအသားထဲစီးဝင်ပျံ့နှံ့လို့..
ဒီအတွက်
ငါ ဆက်ရှင်သန်ရဦးမယ်..။

ဘယ်လိုကြောင့်ဖြစ်ပါစေ..
ငါ့စိတ်ဝိဥာည်
မသေစေရဘူးကွယ်..။

စည်သူ
၂၀၁၀


No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။