Blogger Tips and TricksLatest Tips And TricksBlogger Tricks

Sunday, March 10, 2013

ပေါင်မုန့်တစ်လုံးလောက်ဝယ်ပေးပါ

Photo: ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။

ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
                                                                                                                                                                      ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
                                                                                        အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။                                                                                                                                                                                                                                “ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”   By -  Aung Ooပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် ဈာပနပဲ…။

ကဲ…အလံတစ်ဝက် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
ဝမ်းနည်းစရာကောင်းတာမရှိဘူးလေ…။
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။ 

 “ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…” 


 By - Aung Oo

ဘယ်သူရေးမှန်းတော့မသိဘူးဗျာ အောင်ဦးလို့တော့ ရေးထားတာပဲ.. စာသားတွေကိုကြိုက်လို့ 
ကူးပြီးတင်လိုက်ပါတယ်.. ကဗျာရှင်လည်း ကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်..
အောက်ကလင့်ကနေယူတာပါ..။

No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။