Blogger Tips and TricksLatest Tips And TricksBlogger Tricks

Saturday, January 5, 2013

ကားမှတ်တိုင်

တစ်စီး၊ နှစ်စီး၊ သုံးလေးစီး
တစ်ယောက်၊ နှစ်ယောက်၊ သုံးလေးယောက်
မျှော်နေရင်းမလာ..
မမျှော်တာတွေလာ..
မကြည့်လည်းမြင်.. ကြည့်လည်းမြင်

လာပြန်ပြီ ရထားကြီးခုတ်မောင်းသလို
ဂျုံးဂျုံးဂျက်ဂျက်..
ပုရိသများ.. ငရဲလားစေ..
ဒူးအထက် .. ခပ်ဖြူဖြူ၊ ခပ်ညိုညို
(အိုကွယ်).. တစ်နေ့တစ်မျိုး..
ဘယ်တော့မှမရိုးစေ..
မျှော်နေရင်းမလာ

နိမ့်ချည်၊ မြင့်ချည်.. အစုန် အဆန်..
သောက်လေ သောက်လေငတ်မပြေ..
မြားတစ်စင်းလို မျက်လုံးဆွဲအား..
တစ်ကယ့်မြားအစစ်သာဆို
သူရို့တွေ ထွန့်ထွန့်လူးချိမ့်..
မျှော်နေရင်းမလာ
အာရုံကို ပစ္စုပ္ပန်ထဲထည့် .. 
ငါ.. ပုထုဇဉ်တစ်ယောက်ဖြစ်တယ်..

ဖြူနီပြာဝါ... အရှည်၊အတို
(အင်း).. မျှော်နေရင်းမလာ
နာရီငုံ့အကြည့် ..
ဒီတစ်ရက်လည်း ရုံးတက်နောက်ကျပြန်..။

                                                     စည်သူ

No comments:

ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။