
သူငယ်ချင်း..
မုန်တိုင်းထန်ထန်
မာန်ဟုန်ဘယ်လောက်ပြင်းပြင်း
ကမ်းမပျောက်အောင်လမ်းပြ
ပဲ့ထိန်းသူရှိတုန်းကတော့
အပူအပင်မသိ
ပျော်စရာအတိပေါ့..။
လေပြေအေးအေး
ပျော်လို့တောင်မ၀သေးခင်
ရုတ်တရတ်မထင်မှတ်
မုန်တိုင်းဝင်ခတ်သွားတယ်..။
ဖြေစရာနတ္ထိ
နှစ်သိမ့်စရာမရှိ
သောကတွေအတိနဲ့
ရင်ထဲဘယ်ချိပါ့မလဲ..။
မြင်းမိုရ်တောင်ပြိုလဲ
ရင်ကွဲမိုးတွေရွာ
အကြီးကျယ်ဆုံးခံစားချက်
ရင်ဘတ်ထဲဘာမှမရှိတော့သလိုပဲ..။
ဟာတာတာကြီးသူငယ်ချင်းရယ်
ဘယ်လိုအစားထိုးမလဲ
ဘယ်လိုဘယ်လိုဖြေသိမ့်မလဲ
ဘယ်လိုမေ့ပစ်ရမလဲ..။
ဘ၀တစ်သက်မှာ
အမေခေါ်လို့ထူးသူမရှိတော့ပဲ..။
သူငယ်ချင်းရယ်..
နောက်ဆုံးပြောရရင်
ကမ္ဘာပြိုတယ်ဆိုတာ..ဒါပါပဲ.။
စည်သူ
** သူငယ်ချင်းရဲ့ဆုံးသွားရှာတဲ့ အမေတစ်ယောက်အကြောင်းရေးဖွဲ့ပါတယ်.။
No comments:
Post a Comment