Blogger Tips and TricksLatest Tips And TricksBlogger Tricks

Monday, December 24, 2012

ဆွံ့အခဲ့ရခြင်း

ကားလမ်းမပေါ် 
စကားလုံးတွေ ပစ်ကျသွားတယ်..

မြင်လိုက်ရတာ..
မျှော်လင့်ချက်မဲ့နေတဲ့
မျက်ဝန်းတစ်စုံ..
အပူအပင်မသိတဲ့
ကလေးနှစ်ယောက်
သူတို့မျက်လုံးတွေရော
(တစ်နေ့)
အသက်ကင်းမဲ့သွားကြမလား..

ငါ..ခေတ္တဆွံ့အ..
ငါ..ေခတၱေမာလ်..
ငါ..ေခတၱအသက္ရွဴရပ္သြား..

စကားလုံးတွေ..
ဦးနှောက်ထဲ ပြန်ကဆုန်ပေါက်..
သူတို့တွေကို သနားမိ
ကိုယ့်ကိုယ်ကိုယ်လည်း သနားလာ..

ငါ..ထပ်ပြီး
ဆွံ့အသွားပြန်တယ်..။

25.10.2012


ဆွံ့အခြင်းဆိုတဲ့ကဗျာနဲ့ပတ်သက်လို့..

အိမ်ကိုလမ်းလျှောက်ပြန်လာရင်း .. သားအမိသုံးယောက်ကို ကုန်းတံတားအောက်နားမှာတွေ့လိုက်ရတယ်.. အမေဖြစ်သူပုံစံကြည့်ရတာ လောကဓံအထုအထောင်းတော်တော်ခံထားရပုံပဲ
တစ်နေရာကို တွေတွေကြီးငေးကြည့်နေတယ် .. သူ့ရဲ့ကလေးနှစ်ယောက်က တော့ ဒီအပူအပင်တွေကို သိဟန်မတူပါဘူး ပြေးဆော့နေကြတယ်.. သူတို့လေးတွေ မနက်ဖြန်ဆိုတာရော တွေးမိရဲ့လား.. သူတို့အကြောင်းတွေးရင်း ကိုယ့်အိတ်ကပ်ထဲ ပြန်စမ်းကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သနားသွားမိ ပြန်ပါတယ်..။