အနက်အဓိပ္ပာယ်ဘယ်နှစ်မျက်နှာ ဖွင့်မလဲ..
ဓားသွားနှုတ်ခမ်းပါး
နှလုံးသားမှာဟက်တက်
မနှစ်သိမ့်နဲ့..
ကြုံဖူးမှ ကြေကွဲတတ်မယ့်ကိစ္စ..။
ခေတ်အဆက်ဆက်
မျက်စောင်းတစ်ချက်
နှုတ်ခမ်းပါးတစ်စုံနဲ့
သမိုင်းတောင်ပြောင်းခဲ့သေးတ
ပင်လယ်ရေငန်..ချိုချင်ချိုလ
အဲသည့်..နှုတ်ခမ်းတစ်စုံ
ငါ့အတွက် ဘယ်တော့မှမချိုခဲ့
မျက်စောင်းတွေတစ်သီကြီးနဲ့
ခါးခါးသီးသီး..
နာနာကျည်းကျည်း..
ရင့်ရင့်သီးသီး..
နားလည်လိုက်မိသလိုပဲ..
ငါဟာ..
နှင်းဆီကို မခူးတတ်သေးလို့
လက်မှာဆူးဒဏ်ထိခဲ့တဲ့
ပန်းကြိုက်သူပေါ့..။
စည်သူ
12.2.2011
No comments:
Post a Comment